TNLA News

TNLA News

နမ့်ခမ်းမြို့နယ်အတွင်း စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် PSLF/TNLA တာဝန်ရှိသူများက ပြည် သူလူထုကို  တွေ့ဆုံဆွေးနွေး

 

D Day News

ဧပြီလ ၅

 

တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်အတွင်း၌ လာမည့် ဇွန်လပိုင်းမှ စ၍ စာ သင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တာဝန်ရှိသူများက ပြည်သူလူထုကိုတွေ့ဆုံဆွေးနွေားခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၃ ရက် နံနက် ၉ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အထိ နမ့်ခမ်းမြို့ ခန်းမတစ်ခုတွင် PSLF/TNLA မှ တာဝန်ရှိသူများ၊TLEC တာဝန်ဝန်သူများ၊ နမ့်ခမ်းမြို့အတွင်းရှိ CDM ပညာရေး ဝန်ထမ်းများနှင့် နမ့် ခမ်းမြို့နေ ပြည်သူလူထုများ ၈၀ ကျော်တို့ တွေ့ဆုံကာ လာမည့်ဇွန်လမှစ၍ စာသင်ကျောင်းများ ပြန် လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့ ၇ မြို့၌ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံဖြိုး တိုး တက်ရေးကို အကျိုးပြုသည့် ပညာရေး၊ ကလေးဗဟိုပြု ပညာရေးစနစ်ဖြင့် ဖက်ဒရယ်ပညာရေး စနစ် တိုးတက်မြင့်မာလာရေးလုပ်ဆောင်သွားရန်၊ စဉ်စားတွေ့ခေါ်တီထွင်ဖန်တီးသည့် ပညာရေးစနစ်ဖော် ဆောင်နိုင်ရန်၊ ပညာရေးနှင့်ပတ်သက်သည့် တက်သိကျွမ်းကျင်ပညာရှင်များ မွေးထုတ်သွားနိုင်ရန်၊ တအာင်းဒေသအတွင်းရှိ ပညာသင်ကြားရမည့်လူငယ်အရွယ်အားလုံး ပညာသင်ကြားခွင့်ရှိစေနိုင်ရန် နှင့် ထိန်းချုပ်ထားသည့်မြိုတွင်း ကျောင်းတက်ရမည့် ကလေးများအား နိုင်ငံတကာ အဆင့်မီကျောင်း များသို့ တက်ရောက်သင်ကြားနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် TLEC သမိုင်းကြောင်း၊ ဖွဲစည်းပုံ၊ အခြေခံမူပေါ်လစီ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေနှင့် ရှေ့လုပ်လုပ်ဆောင်သွားရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန်မေးမြန် ဆွေးနွေးခဲ့ ပြီး စာသင်ကျောင်း လည်ပတ်နိုင်ရန် ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြပါရန် PSLF/TNLA တာဝန်ရှိသူများက တိုက်တွန်းခဲ့ကြေင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...