Magway News

Magway News

ပခုက္ကူမြို့နယ်၊ ကမ္မစက်ရုံရဲကင်းစခန်းကို ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်၊ စစ်သား၊ ရဲများ အထိနာပြီး စိတ်ဓာတ်ပျက်ကာ စခန်းစွန့်ခွာထွက်ပြေး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မ စက်ရုံရဲကင်းစခန်းကို ၄ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ပြီးနောက် စစ်သား၊ ရဲများ အထိနာပြီး စိတ်ဓာတ်ပျက်ကာ စခန်းစွန့်ခွာ ထွက်ပြေးသွား ကြောင်း ကမ္မတပ်ပေါင်းစုထံမှ သိရသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ စက်ရုံရဲကင်းစခန်းကို Drop Bomb များဖြင့် နေ့ည မနား အဆက်မပြတ် ဖိအားပေး ဒရုန်းဖြင့် ဗုံးကြဲ ခြိမ်းခြောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲများ ထိနာပြီး စိတ်ဓာတ်ပျက်ပြားသွားကာ စက်တင်ဘာလ ၄ ရက် နံနက်အစောပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/k1YwOnvMV2E

အဆိုပါ Drone တိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစု၏ Drone အဖွဲ့များ၊ မြိုင်မြို့နယ် ပကဖ ၏ Drone အဖွဲ့များ ၊ပေါက်မြို့နယ် ပကဖ ၏ Droneအဖွဲများ၊  မကွေးတိုင်း Drone Team နှင့် မဟာ မိတ် တော်လှန်ရေးအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကမ္မတပ်ပေါင်းစုသည် ပခုက္ကူမြို့နယ် နယ်မြေ(၂) ၊ ကမ္မဒေသပကဖ အနေဖြင့် ပခုက္ကူခရိုင်တွင်း ကျန်ရှိနေသည့် စစ်ရေးပစ်မှတ်များဖြစ်သော အကြမ်းဖက်စစ်ကောင်စီစခန်းများကို မဟာမိတ် တော်လှန်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူလက်တွဲ၍ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...