CDM News

CDM News

ဟားခါးမြို့နှင့် တန့်ဆည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၄

 

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တာဝန်ကျနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက် နက် ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Defense Force-Hakha ထံမှ သိရ သည်။

 

စက်တင်ဘာလ ၂ ရက်နေ့တွင် ဟားခါးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သား ၁ ဦး သည် စစ်တပ်လက်အောက်ခံတပ်သားအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့သဖြင့်  G-3 အ မျိုးအစား သေနတ် ၁ လက် ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

ထို့သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို CDF-Hakha က ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခဲ့ပြီး လုံခြုံသောနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်၌ တပ်စွဲထားသော ဒုတပ်ကြပ်တစ်ဦးသည် လက်နက်ခဲ လမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့က တန့်ဆည်မြို့ပေါ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် စခန်းမှ ဒုတပ်ကြပ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဆက်လက်လုပ်ကိုင်လိုခြင်းမရှိ သဖြင့် MA 1 အမျိုးအစား သေနတ် တစ်လက်၊ ကျည်အိမ် ၊ 5.56 ကျည် ၂၆ တောင့် ယူဆောင်လာပြီး တန့်ဆည်မြို့နယ် ပကဖထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် ဒု တပ်ကြပ်ကို တန့်ဆည်မြို့နယ် ပကဖမှ ဆုငွေ ​​သိန်း (၅၀) ကျပ် ချီးမြှင့်ကာ ကောင်းမွန်စွာစောင့်ရှောက်ထားပါကြောင်းကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ပင်းတယမြို့နယ်တွင် တောင်ကျရေကြီးကြောင့် ကုန်းစောင်းကျေးရွာမှ ပြည်သူ ၈ ဦးသေဆုံးပြီး မြို့ နယ် အတွင်းရှိ နေအိမ်၊ လမ်း၊ တံတားအဆောက်အအုံအချို့ ထိခိုက်ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တောင်ကျချောင်း ရေကြောင့် ကုန်းစောင်းကျေးရွာမှ ပြည်သူ...