Kyaikhto News

Kyaikhto News

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို ဗုံးကျဲတိုက်ခိုက်မှု ဂိတ်အဆောက်အအုံ ခေါင်မိုး ပေါ်တည့်တည့်ကျရောက်ပေါက်ကွဲ (ရုပ်သံ)

 

D Day News

ဧပြီလ ၅

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ် အ ဆောက်အအုံခေါင်မိုးပေါ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အား စု – KRF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက်မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး သီး ၄ လုံး ကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်ခေါင်မိုးပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/cKlCwHxu8VA

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို အကြမ်းဖက်စစ်သားများက ဘန်ကာများ အခိုင်အမာ ထပ်မံတည်ဆောက်ကာ အင်အားများလည်းထပ်မံ တိုးချဲ့ပြီး ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဂိတ်ကို မဖျက်သိမ်းပဲ ဆက် လက် အင်အားတိုးချဲ့တည်ဆောက်နေပါက ယခုထက်ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ...