NPT News

NPT News

နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နေအိမ်အပါအဝင် ၃ နေရာကို ပေါက် ကွဲမှု ပြင်းထန်သည့် ဗုံးများကို အသေခံ ဒရုန်းများတွင် တပ်ဆင်ကာ ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၅ ဦးသေဆုံးကြောင်း POA ထုတ်ပြန်

 

D Day News

ဧပြီလ ၅

 

နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်နှင့် အေလာလေဆိပ် တို့ကို ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများကို အသေခံဒရုန်းများတွင် တပ်ဆင်ကာ ဗုံးကျဲတိုက်ခိုက်မှု များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း POA Drone Team တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၄ ရက် နံနက်အစောပိုင်းက ၁၂၀ မမ ထက်ပေါက်ကွဲအား ၂၀ ရာခိုင် နှုန်းပိုမိုပြင်း ထန်သည့် ဗုံးသီးများကို အသေခံ ဒရုန်းများတွင် တပ်ဆင်ကာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်း အောင်လှိုင်၏ နေအိမ်ကို ၄ စီး၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ်ကို ၁၂ စီး၊ အေလာလေဆိပ်ကို ၁၂ စီးဖြင့် ထိုးစိုက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီ​နေ့ ​နေပြည်​တော် ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်း​ပေါက် ကွဲအားက 107 တစ် စင်း ထက် ၂၀% ပိုပြင်းပြီး အနက်​ဖောက် ထွင်းအားလည်း ပို​ကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံ တင်ထားလို့ ရပါပြီ။” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမွန်က လူမှုကွန်ယက်၌ ရေးသားခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team ၊ Power of Ababil (POA) တပ်ဖွဲ့ ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် ၃၅၀၂ တပ်ခွဲ ၁ နှင့် Orion Drone Team တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

 

“အဓိကတော့ မင်းအောင်လှိုင်ဘယ်နေရာမှာပဲရှိရှိ မင်းအောင်လှိုင်ရှိတဲ့နေရာကို ပြည်သူ့ကာကွယ် ရေးတပ်သားတွေက လုပ်မှာပဲ၊ ဒီလောက်ရက်ရက်စက်စက် ကလေးသူငယ်မရှောင်၊ ဘုန်းကြီး ကျောင်းမရှောင် အားလုံးကို ပြည်သူလူထုကို ဒီလောက်ကြီးအထိ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ မင်းအေင်လှိုင် ပြေးစရာနေရာမရှိပါဘူး” ဟု Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက D Day News သို့ ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...