Magway News

Magway News

မြိုင်မြို့နယ်၊ သရက်ကွပျူစခန်းအတွက် Y12 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာထုတ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၃၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူစခန်းအတွက် Y12 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာထုတ်များ ကို သိမ်းဆည်းရရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force ထံမှ သိရသည်။

 

ဩဂုတ်လ ၃၀ ရက်နေ့က မြိုင်မြို့နယ်၊ သရက်ကွရွာ စစ်သား၊ ပျူများအတွက် ရိက္ခာများကို အကြမ်း ဖက်စစ်ကောင်စီက Y12 လေယာဉ်ဖြင့် အထုပ်ရေ ၅၀ ခန့်ချပေးခဲ့ရာ ယင်းတို့အနက် ဆန်၊ ပဲ၊ ငါး​ခြောက်၊ ဆေးလိပ်နှင့် အသင့်စားဆန်ပြုတ်ထုပ်များပါဝင်သည့် အထုပ်အချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့်ချပေးသည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်သား၊ ပျူကင်းပုန်းများနှင့် တွေဆုံပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား၊ ပျူများ ထိ ခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ နယ်မြေရှင်းလင်းမှုကို Ghost of Enemies – G.O.E. Revolution Force နှင့်အတူ ဓားမင်း ကြီး အဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့၊ ဗိုလ်စတီးအဖွဲ့နှင့် မြိုင်ပ.က.ဖတပ်ခွဲ ၄ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
SAC News

SAC News

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပဲခူးတိုင်းအတွင်း ပျောက်ဆုံးနေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃   ပဲခူးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။   ဇူလိုင်လ ၁...