Htelin News

Htelin News

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်မီး လောင် ပြာကျ၊မီးရှို့နေသော စစ်သားများကို ၄၀ မမဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၅

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း YRA ထီးလင်း တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ ကျောမြို့ ကပစ ၂၃ တပ်အတွင်းမှ စစ်ကူ ပေးရန် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ရေမျက်နီရဲစခန်းအနီး အရောက် ပြည်သူ့ နေ အိမ်များ ကို စတင်ပြီး မီးရှို့ခဲ့ရာ ယနေ့ ဧပြီလ ၄ ရက် ညနေပိုင်းအထိ ပြည်သူ့နေအိမ်များ မီးကူးစက် လောင် ကျွမ်းနေဆဲပြီး‌ နေအိမ် ၂၀၀ ကျော် ပြာကျသွားကြောင်း သိရသည်။

 

“ဧပြီလ ၃ ရက်  ၁၁ နာရီ ၄၅ မိနစ်လောက်ကနေစရှို့တာ၊ ကျောပကစကနေ ဆင်းလာတဲ့ စစ် ကြောင်း ဖြစ်ဖို့ များတယ်ဗျ၊ အဲဒီစစ်ကြောင်းက ရေမျက်နီရဲစခန်းကို အဝင်မှာ စခန်းရဲ့ အနီးပတ် ကျင်အိမ်တွေကို ရှို့ တာ၊ အဓိကတော့ သူတို့ ပစ်ကွင်း မြင်ကွင်းရှင်းဖို့အတွက်လည်း ဖြစ်နိုင်တယ်ဗျ၊ အဲဒီကနေ ကူးစက် ပြီးတော့ အိမ်ခြေ ၂၀၀ ကျော်ပါသွားတာပါဗျ။ ဒီညနေပိုင်းတော့ မီးကူးစက် တာတော့မရှိတော့ဘူး၊ မီးကြွင်းမီးကျန်လောက်တော့ ရှိသေးတယ်” YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

 

ထို့သို့ မီးရှို့နေသော အကြမ်းဖက်စစ်သားများကို YRA ထီးလင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် သွားရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ရေ မျက်နီရဲစခန်းနှင့် အနီးတဝိုက် တောင်ကုန်းများတွင် အကြမ်းဖက်စစ်သားများနေရာယူ တပ်စွဲ ထား ကြောင်း သိရသည်။

 

“ကျောကပစနေ ဆင်းလာတာ၊ အင်အား ၆၀ /၇၀ လောက်ပဲ မှန်းထားတယ်၊ ပိတ်ဆို့ထားပေမယ့် သူတို့က သွားနေကြလမ်းကြောမဟုတ်ပဲနဲ့ တောလမ်းတွေထဲအတိုင်း ရေမျက်နီဘက်ကို သွားတာဗျ၊ ဘာမတိုက်ပွဲမှာ မဖြစ်လိုက်ရဘူး၊ မနေ့ကတော့ မီးစရှို့တဲ့အချိန် ကျနော်တို့အဖွဲ့တွေက ၄၀ မမ နဲ့ ပစ်လိုက်သေးတယ်၊ ပစ်လိုက်တော့ မီးရှို့နေတဲ့နေရာနားမှာ ၃ ယောက်ရှိတာ၊ အဲဒီ ၃ ယောက်ထဲက တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာရသွားတာပေါ့၊ ဒါလေးပဲ ဖြစ်သေးတယ်” ဟု YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ပြောဆိုသည်။

 

အဆိုပါ ထီးလင်းကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ရဲများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရိက္ခာဖြတ်တောက်ပိတ်ထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး စစ်ကူစစ်ကြောင်းလည်း လာရောက်နိုင်ခြင်း မရှိသဖြင့် အကြမ်းဖက်စစ်သား၊ ရဲများ စိတ်ဓာတ်ပျက်ပြားလျက်ရှိရာ ကျောမြို့အနီးရှိ ကပစ ၂၃ မှ တပ်သားများက တောလမ်းအတိုင်းဖြတ်ကျော်သွားရောက်ပြီး အင်အားထည့်ဖြည့်ကာ မီးရှို့ခဲ့ခြင်း ဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...