TNLA News

TNLA News

နောင်ချိုမြို့နယ်ရှိ အမတ ၄၀၆ နှင့် ၂၀၆ တပ်ရင်း ၂ ခုကို အပြီးသတ်သိမ်းပိုက်ရရှိ

 

D Day News

ဩဂုတ်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်ရင်း ၂ ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင်ထုတ်ပြန်ကြေညာသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ၊ ၆၆ ရက်မြောက် နောင်ချိုမြို့နယ်၊ တောင် ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း ၂ ခု ဖြစ်သည့် အမတ ၄၀၆ နှင့် အမတ ၂၀၆ တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ ၉၀၂ တပ်စခန်း၊ ၃၄၅ တပ် စခန်း အနီးတဝိုက် နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ အချိန် တောင်ခမ်းကျေးရွာရှိ ၉၀၂ စစ်ကောင်စီတပ်၌ လည်းကောင်း၊ ၅ နာရီ မိနစ် ၄၀ အချိန်တွင် ၃၄၅ တပ်စခန်း၌ လည်းကောင်း၊ ညနေ ၅ နာရီ မိနစ် ၄၀ အချိန်တွင် မကျီးရေရွာရှိ စစ်ကောင်စီတပ်စခန်း၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ၃ ကြိမ် ၊ ဗုံးသီး အလုံး ၁၅၀ ၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် ၁ ကြိမ်နှင့် သကြားစက် ရုံတွင် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...