Dawei News

Dawei News

ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၆ ဦးသေဆုံး၊ တပ်ကြပ်ကြီး ၁ ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

 

D Day News

ဩဂုတ်လ ၂၉

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ကျောက် ဆိပ်ကုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြား ဖြတ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲ ၂ နာရီ မိနစ် ၃၀ ခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်ကောင်စီတပ်သား (၁၆) ဦး သေဆုံးကာတပ်ကြပ်ကြီး (၁) ဦး ကို  MA-4 အမျိုးအစား သေနတ် (၁) လက်၊ ကျည်ဘောက် (၆) ခု၊ 40 -မမ ဗုံးသီး(၂) လုံး နှင့် ၆၀ မမ ဗုံးသီး (၃) လုံး တို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္လားသချွတ် (ကျားသစ်နက်)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် “သာဂရစစ် ကြောင်း” တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ ၊ သတိပြု သွားလာနေထိုင်ကြပါရန် တိုက်တွန်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF က ထုတ်ပြန်ထားသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အမှန်တရားဘက်ကို ရပ်တည် ကူးပြောင်းရပ်တည်က ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံပူးပေါင်းကြ ရန် ဆက်လက်တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လေက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ် အလုံး ၅၀ ကျော်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်း ၊လက်နက်ကြီးဖြင့်...