China News

China News

တရုတ် -မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်က လက်နက်ကြီးပစ်ခတ်လေ့ကျင်နေမှုကြောင့် အဆောက်အအုံတစ်ချို့တုန်ခါပျက်စီးမှုရှိသလို အနီးပတ်ကျင်နေထိုင်သူများ တိမ်းရှောင်နေကြရ

 

D Day News

ဩဂုတ်လ ၂၉

 

တရုတ် -မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ကျင့်နေမှုကြောင့် အဆောက်အအုံတစ်ချို့ တုန်ခါပြီး ပျက်စီးမှုရှိသလို အနီးပတ်ဝန်းကျင်နေထိုင်သူများလည်း တိမ်း‌ ရှောင်နေကြရကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၉ ရက် ဒေသစံတော်ချိန် ၇ နာရီမှ စတင်၍ တရုတ် -မြန်မာနယ်စပ် အနီး တရုတ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်လျက်ရှိရာ ယခုသတင်းတင်ဆက်ချိန် အထိ ပစ်ခတ်မှု လက်နက်ကြီး အလုံးရေ ၇၀ ကျော် ရှိသွားပြီဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်မှုကြောင့် အနီးအနားရှိ အအောက်အအုံအချို့ တုန်ခါမှုဖြစ်ကာ ပျက်စီးမှုရှိကြောင်း၊ ထို့အပြင် အနီးအနားနေ ပြည်သူများမှာလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။

“လက်နက်ကြီး တချက်ကို မိုးကြိုးဆယ်လုံးပစ်လိုက်သလိုပဲ အဆောက်အအုံတွေ တုန်ခါသွားတယ်။ လူတွေဆို ခေါင်းတွပါမူးနေတော့တာ။ ခေါင်းမိုးပေါ်က ရေတိုင်ကီတွေတောင် လွင့်ကျကုန်တယ်၊ နီး တဲ့ သူတွေဆိုရင် အသံနဲ့တင်သေလို့ရတယ်။ တရုတ်ဘက်ခြမ်းလူတွေရော၊ မြန်မာဘက်ခြမ်းက လူ တွေပါ ရှောင်နေကြရတယ်” ဟု တရုတ်ပြည်၊ ယူနန်ပြည်နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြား သည်။

 

တရုတ် -မြန်မာနယ်စပ်တွင် ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ သံချပ်ကာယာဉ်များဖြင့် ကင်းလှည့် ကာ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့အထိ ကျည်အစစ်များ အသုံးပြုကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်၊ ယူနန်အစိုးရက တရားဝင်ကြေညာထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...