Natogyi $ Ngazun News

Natogyi $ Ngazun News

နွားထိုးကြီးနှင့်ငါန်းဇွန်မြို့နယ်တို့တွင် စစ်တပ်က လေကြောင့်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် နေအိမ်အချို့ ပျက်စီး

 

D Day News

ဩဂုတ်လ ၂၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်း နီကျေး ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ သက် ၅ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ဘုန်းကြီးလည်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ငါန်းဇွန် မြို့နယ်၊ ငါန်းမြာကြီးကျေး ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်းဆောင် ၁ ဆောင် နှင့် လူနေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“လက်ဝဲမြင်းနီမှာ ကျဲတာက ဘုန်းကြီးကျောင်းပြိုကျပျက်စီးတယ်၊ ကလေးနှစ်ယောက်မှာ တစ် ယောက်ကပေါင်ထိတယ်၊ တစ်ယောက်ကတော့ ခြေနှစ်ဖက်လုံးဖြတ်လိုက်ရတယ်၊ အမျိုးသမီးတစ် ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရတယ်။ ငါန်းမြာကြီးမှာက စာသင်ကျောင်းဆောင် တစ်ဆောင်ရယ်၊ လူနေအိမ် ၃ လုံးရယ် ပျက်စီးတယ်၊ သေဆုံးသူက အဘိုးတစ်ဦး၊ အဘွားတစ်ဦးသေတာ၊ ဒဏ်ရာရ တာက မိန်းကလေး ၂ ယောက်ဒဏ်ရာရတာ၊ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ယောက်ပါတယ်၊ မစိုးရိမ်ရဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...