NUG News

NUG News

နေပြည်တော်၌ ကြဲချခဲ့သည့် ဒရုန်းတစ်ပါ ယမ်းပေါက်ကွဲအားသည် ၁၀၇ မမ ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်ပြီး စစ်ရေးပစ်မှတ်များကို မှတ်ပုံတင်ထား၍ ရပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို

 

D Day News

ဧပြီလ ၄

 

နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နေအိမ်အပါအဝင် နေရာ ၃ ခု၌ ကြဲချခဲ့ သည့် ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားသည် ၂၀ ရာခိုင်နှုန်းပိုမိုပြင်းထန်ပြီး စစ်ရေးပစ်မှတ်များကို မှတ်ပုံတင်ထား၍ ရပြီးဟု NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို ၁၂ စီး အသုံးပြုကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒရုန်းလေယာဉ်များကို ပြန်လည်ခေါ်ယူခြင်းမပြုပဲ တစ်ခါတည်းထိုးစိုက်ကာ ဗုံးကြဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ အသေခံဒရုန်းလေယာဉ်များဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

 

“ဒီ​နေ့ ​နေပြည်​တော်

————————-

ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107 တစ် စင်း ထက် ၂၀% ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံ တင်ထားလို့ ရပါပြီ။” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမွန်က ၎င်း၏ လူမှု ကွန်ယက်၌ ရေးသားထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team ၊ Power of Ababil (POA) တပ် ဖွဲ့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် ၃၅၀၂ တပ်ခွဲ ၁ နှင့် Orion Drone Team တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများတွင် အေလာလေတပ်အတွင်း၌ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ကြောင်း၊ စစ်ရုံးချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွင် စစ်သည်နှင့်အရာရှိ ၁၁ ဦးဒဏ်ရာရရှိပြီး ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...