Salin PDF

Salin PDF

စလင်းမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ရှေ့ပြေးကင်းထောက်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု ကားမောင်းသမားအပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၄

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဟိုင်းကြီးရွာအနီးတွင် ရှေ့ပြေးကင်းထောက်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ကားမောင်းသမားအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း Salin PDF ထံမှ သိရသည်။

 

ဧပြီလ ၂ ရက်နေ့ညနေ ၄ နာရီ ၃၇ နေ့က စလင်းမြို့နယ်၊မြောင်းသစ်ရွာသို့ ရောက်ရှိသော အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းကို ရိက္ခာပို့ရန် ကံပြားရဲစခန်းမှ ရိက္ခာပို့ရန် အရပ်သားဟန်ဆောင်ပြီး ကင်း ထောက်ရန်ထွက်လာသော ကားကို မုံရွာ- ပုသိမ်လမ်းမပေါ် ကိုင်း​ကြီးရွာအနီး၌ မိုင်းဆွဲ တိုက် ခိုက် ခဲ့ရာ ကားမောင်းသူ အပြင်းအထန်ဒဏ်ရာရရှိပြီး နာရေးကားဖြင့် ဆေးရုံသို့ သယ်ဆောင်သွား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း စလင်း PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာပို့ရန် စစ်ကားများမှာရှေ့ဆက်တက်မလာရဲတော့ပဲ ကံပြားရဲစခန်းအတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...