Taung Tha News

Taung Tha News

စစ်မှုဝန်ကြီးဟောင်း အောင်သောင်းနယ်မြေရှိ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အ ဆောက် အအုံတစ်လုံးပြိုကျပြီး ဝန်ထမ်းလိုင်းခန်းမီးလောင်

 

D Day News

ဩဂုတ်လ ၂၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ စစ်မှုဝန်ကြီးဌာန၊ ဝန်ကြီးဟောင်း အောင်သောင်း၏ ဇာတိနယ် မြေ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံတစ်လုံးပြိုကျပြီး ဝန်ထမ်း လိုင်းခန်းမီးလောင်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထံမှ သိရသည်။

 

ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို တောင်သာမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ ရာ ရဲစခန်းအတွင်းရှိ အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးကာ ဝန်ထမ်းလိုင်းခန်းတစ်ခန်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဝဲလောင်စခန်းကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းချတယ်၊အလုံးရေက လည်း များတယ်။ ၁၅ လုံးချတယ်၊ အဲဒီမှာ သူတို့ရဲ့ အဆောက်အဦးတစ်ခုပြိုကျပြီးတော့ ဝန်ထမ်း လိုင် ခန်းတစ်ခု မီးလောင်သွားတယ်ပေါ့၊ ရဲတွေအထိနာတယ်။ အသေပျောက်ကတော့ အတိအကျ မသိရဘူး။ အထိအခိုက်တွေတော့များတယ်။အသေအပျောက်လည်းရှိနိုင်တယ်။ အထဲမှာတော့ အ ရမ်း စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရတယ်။ နေ့လည် ၁ နာရီ လောက်ကနေ စချတာ ညနေ အထိပဲ တစ်ညနေလုံးပဲချခဲ့တာ။”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဝဲလောင်နယ်မြေသည် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ ဇာတိနယ်မြေဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်၊ ရေတပ်တို့တွင် ဗိုလ်ချုပ်အဆင့်အထိပင် တာဝန်ထမ်းဆောင် နေကြသူများရှိကြောင်း၊ ဝဲလောင်တိုက်နယ် ပတ်ပတ်လည်တွင် ကြိုက်ပါ၊ ရွာသစ်၊ ထနောင်ကုန်း၊ သပွတ်စု စသည့် ပျူစောထီးလက်နက်ကိုင်များရှိသည့် ကျေးရွာများရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...