Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ခမရ ၅၅၇ တပ်ရင်းနှင့် ဂိတ်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၂၆

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အကြမ်းဖက် စစ်ေကာင်စီ၏ ခမရ ၅၅၇ တပ်ရင်းနှင့်ဂိတ်စခန်း ၂ ခု ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၅၇ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့မှ သွား ရောက်တိုက်ခိုက်ခဲ့ရာ ပြန်လှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖက်မှ အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအပြီး နံနက်  ၉နာရီအချိန် နှင့် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် တနင်္သာရီမြို့ဝင် တံ တားစစ်‌ဆေးရေးဂိတ်နှင့် ဗိုလ်ချုပ်ကြေးရုပ် အရှေ့ တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ စခန်း တို့ကိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံး ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ၊ ၂ တို့မှ ဦးဆောင်ခဲ့ ပြီး စစ်ကြောင်း ၁ ၌ တနင်္သာရီ ပကဖ ဇုန် ၁ ၊ ဇုန် ၂ ၊ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ နှင့် မြိတ်ပကဖ တို့ ပါဝင်ကြောင်း၊ စစ်ကြောင်း ၂ ၌ တနင်္သာရီ ပကဖ ဇုန် ၃ ၊ ဇုန် ၄ ၊ ဇုန် ၅ ၊ ဇုန် ၆ ၊ မြိတ်ခရိုင် တပ် ရင်း ၂ ၊ တပ်ခွဲ ၂ ၊ ကျွန်းစုပကဖ ၊ တိုင်းပကဖ လုံခြုံရေး နှင့် ဒရုန်းအဖွဲ့တို့ပါဝင်ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး ခရီသွားပြည်သူအများအနေ ဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြပါရန်နှင့် စစ်ရေးသတိကြီးစွာဖြင့် သွားလာကြရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...