Mying News

Mying News

မြိုင်မြို့နယ်တွင် PDF စခန်းတစ်ခုကို မီးရှို့ခဲ့သည့် စစ်သားများအားမိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

 

D Day News

ဧပြီလ ၄

 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို မီးရှို့ခဲ့သည့် စစ်ကြောင်းအား မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိပြီး တစ်ဦးခြေထောက်နှစ်ပြတ်ထွက်သွားကြောင်း Ghost of Enemies-GOE မြိုင် တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂ ရက် ညနေ ၄ နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု ၂ မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများသည် Ghost of Enemies- – GOE တပ်ဖွဲ့ ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်ပြီး မီးစက်၊ မိုင်းများအပါအဝင် စခန်းအတွင်းရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ရာ တန်ဖိုး သိန်း ၈၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲက မဖြစ်လိုက်ဘူးဗျ၊ သူတို့မီးရှို့တဲ့အချိန်မှာတော့ မိုင်းပေါ်ကွဲတာတွေရှိတယ်၊ ထိခိုက်သေ ဆုံးမှုကတော့ မသိရသေးဘူး၊ အဲဒီစစ်ခွေးတွေက မနေ့ကပဲ မြိုင်ထဲကို ဝင်သွားတာဗျ၊ ဝင်သွားပြီး တော့ ကိုးဆောင်ဂိတ်ဘက်ကို ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာ ၃ ယောက်ထိတယ်၊ တစ် ယောက်ကတော့ ခြေထောက် နှစ် ချောင်းလုံးပြတ်သွားတာ၊ သေသွားမသွားတော့ မသိရသေးဘူး၊ စုံစမ်းနေတုန်း၊” ဟု Ghost of Enemies-GOE မြိုင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ယနေ့ ဧပြီလ ၄ ရက် နေ့လည်ပိုင်းက စစ်မှု ၂ သို့ပြန်လည် ဝင် ရောက်သွားကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော Ghost of Enemies-GOE မြိုင် တပ်ဖွဲ့စခန်း

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...