Thabeikkyin News

Thabeikkyin News

ဗိုလ်မှူးချုပ်စိုးကျော်ထိုက်ဦးစီးသည့် သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တပ်စခန်းကို အပြီး သတ်သိမ်းပိုက်၊ မိုးကုတ် – စဉ့်ကူးလမ်းပိုင်း၌ စစ်ကောင်စီတပ်စခန်းကင်းစင်

 

D Day News

ဩဂုတ်လ ၂၆

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးသော ကွင်း ၅၀၀ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မိုးကုတ် -စဉ့်ကူးလမ်းပိုင်း၌ အကြမ်းဖက် စစ် ကောင်စီတပ်စခန်း ကင်းစင်သွားပြီဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့က သပိတ်ကျင်းမြို့နယ် ၊ ကွင်း (၅၀၀) တွင် အခြေပြုလှုပ်ရှားလျက် ရှိသော ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးကာ အင်အား ၄၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ ကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ (၅) ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ရက်ပေါင်း (၂၀) ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ကွင်း(၅၀၀)တပ်စခန်းမှ အကြမ်းဖက်စစ်သားများ၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်း ရရှိခဲ့ပြီး သုံ့ပန်းချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူး ပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ပေးဆပ်မှုအချို့ ရှိခဲ့ကြောင်း သိရသည်။

 

ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါ အဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...