Thabaik Kyin News

Thabaik Kyin News

သပိတ်ကျင်းမြို့နှင့်လက်ကျန်တပ်စခန်းများဖြစ်သည့် သနတ ၁ ၊ စခတ ၂ ၊ တတက ၁၃ တို့ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၆၈ လက်အပါ အဝင် ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၆

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နှင့် လက်ကျန်တပ်စခန်းများဖြစ်သည့် သနတ ၁ ၊ စခတ ၂ ၊ တတက ၁၃ တို့ကို အပြီး သတ်တိုက်ခိုက် သိမ်း ပိုက်ရရှိခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူ ကိုအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၆၈ လက်နှင့် ခဲယမ်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လက်ကျန်တပ်စခန်းများဖြစ်သည့် သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ရှိ တပ်စခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့အား ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့ တွင် မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များမှာ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော် ၊ Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကျဲချတိုက်ခိုက်သည့်အပြင် Mi-35 ၂ စီးဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရရှိပြီး လက်နက် မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂) လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင် ၄ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...