United Satae News

United Satae News

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးအန်တိုနီဂျေ ဘလင်ကန် တိုက်တွန်းတောင်းဆို

 

D Day News

ဩဂုတ်လ ၂၆

 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း၌ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြရန် အမေရိန်ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တိုက်တွန်းတောင်းဆိုသည်။

 

ဩဂုတ်လ ၂၄ ရက်နေ့က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အောက်မေ့သတိရခြင်း သတင်းထုတ် ပြန်ချက်တွင် ၎င်းက ထည့်သွင်းကာတိုက်တွန်းထားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူ နည်းစု အသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင်တွေ့ကြုံနေကြရသည့် အခက်အခဲများ ကို ပိုမိုဆိုးရွားစေကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ် သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန် သံန္နိဋ္ဌာန် ချထားကြောင်း သိရသည်။

 

ထို့အပြင် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြ လျက်ရှိသည့် မြန်မာပြည်သူများအတွက် မိမိတို့၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲ တည်မြဲ လျက်ရှိ သကဲ့သို့ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြပါရန် သက်ဆိုင်သူအားလုံးကိုလည်း ဆက်လက်တောင်းဆိုပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီး ခြင်းမ ဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိ ရောက်ပြီး ပြတ်သားမှုရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို  ...