Yangon News

Yangon News

ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ ဒဂုံဆိပ်ကမ်း ၄ မြို့နယ်ပေါင်းပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ အဖြစ် ပြင်ဆင်ဖွဲ့စည်း

 

D Day News

ဩဂုတ်လ ၂၅

 

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ် စသည့် ၄ မြို့နယ်ပေါင်းကာ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အဖြစ် ပြင်ဆင်ဖွဲ့ စည်းလိုက်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များ ၏ တိုက်ခိုက်ရေး အင်အားများကို စုစည်း၍ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁) ကို ဖွဲ့စည်းခဲ့ကာ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁) အနေဖြင့် စစ်ရေး လှုပ် ရှားမှုများကို ညီနောင် ERO များနှင့်လည်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ကြသော ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကျောက် တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် တော်လှန်ရေး ရဲဘော်အချို့ ပူးပေါင်းပါဝင်စုစည်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ကို ပြင်ဆင် ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အနေဖြင့် တော်လှန်ရေးတာဝန်များကို အမျိုးသား ညီညွှတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ပုံကျစွာ တော်လှန် တိုက်ခိုက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ကို တိုက်ခိုက် ရေးအင်အား အရ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) အဖြစ် စီမံကွပ်ကဲလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...