CDM News

CDM News

တန့်ဆည်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

ဩဂုတ်လ ၂၅

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ကလေးခရိုင်အမှတ် ၁၁ တပ်ရင်း – Minkin PDF ထံမှသိရသည်။

 

တန့်ဆည်မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးသည် G 3 ၁လက် ၊ ကျည်ဘောက် ၂ခု ၊ လက်ထိပ် ၁ခု ၊ လက်ပစ်ဗုံး ၁လုံး ၊၅.၅၆ ကျည် ၁ တောင့် ၊ ၄.၈ ကျည် ၁ တောင့် ၊  ၉ မမ ကျည် ၇ တောင့်နှင့် ၇.၆၂ ကျည် ၁၇၃ တောင့်တို့ အခက်အခဲများကြားမှ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့အလင်းဝင်ရောက်လာသူ ရဲဒုတပ်ကြပ်ကို Freedom Revolution Force (FRF) ၊ S.A.F နှင့် နယ်မြေခံ ပကဖ များက အခက်ခဲများကြားမှ ကူညီခေါ်ထုတ်ပေးခဲ့ရသည်ကြောင်း သိရသည်။

 

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သား နှင့် ရဲများ အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းကြရန်  ကလေးခရိုင် ၊ အမှတ် ၁၁ တပ်ရင်းက တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...