မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာ ပျူစစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးမင်းသိန်းကျော်အပါအဝင် ၅ ဦး သေဆုံး (ရုပ်သံ)
D Day News
ဩဂုတ်လ ၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမင်းသိန်းကျော် အပါအဝင် ၅ ဦးသေဆုံးပြီး ၎င်းတို့၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်း Earthquak People’s Defence Force ထံမှ သိရသည်။
ဩဂုတ်လ ၂၃ ရက် နံနက် ၄ နာရီခွဲအချိန်တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူကျေးရွာသို့ ဆုတ်ခွာလာ ပြေးသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ် ကြီး ခင်မောင်လွင်၊ တပ်သားရဲရင့်သွေး၊ အမည်မသိတပ်သား ၂ ဦး အလောင်းနှင့် ၈၁ မမ အဖူး၊ ၄၀ မမ အဖူး၊ RPG အဖူး နှင့် စစ်အသုံးအဆောင်များစွာ ထပ်မံသိမ်းစည်းရရှိခဲ့ကြောင်း သိရသည်။
https://youtu.be/f9JIYfDDlSc
ထို့အပြင် တိုက်ပွဲတွင်း၌ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရရှိခဲ့ပြီး လူသားချင်း စာနာမှုဖြင့် ကောင်းမွန် စွာ ထိထိန်းသိမ်းထားကြောင်း သိရသည်။
ယင်းတိုက်ပွဲတို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု jet fighter နှင့်၂ ကြိမ် Mi35 နှင့် ၁ ကြိမ် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူ နေရာများကို အဓိက ထား တိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကို ကျွန်ပ် တို Earthquak People’s Defence Force၊ ပခုက္ကူတပ်ပေါင်းစု (Earthquake Ppdf၊ Young Force၊ Hunter pku ၊Thu Rain TR)၊Justice Revolution Force၊ ပခုက္ကူခရိုင်တပ်ရင်း (၂/၆/၇)၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပပြာက်ကြားတပ်ဖွဲ့၊ နှင့် မြိုင်ပကဖ၊ မြိုင်ပကဖ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
D Day News