TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း ရပ်စောက်ဘက်မှ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို TNLA က တိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းသို့ ရပ်စောက်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေကရပ်စောက်မြို့နယ်၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်အတွင်းထိုး စစ် ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့မှ နောင် ချိုမြို့နယ်၊ သရက်ချိုရွာ၊ တောင်ခမ်းရွာနှင့် ကမ္ဘောဇဘုန်းကြီးကျောင်းနေရာစသည်တို့မှ တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း သိရ သည်။

 

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ် ၉၀၂ တပ်စခန်းကို TNLA တပ်မတော်က နံနက် ၉ နာရီ ၁၃ မိနစ်အချိန်တွင်လည်းကောင်း၊ သရက်ချိုရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို TNLA တပ်မတော်က နံနက် ၉ နာရီ ၁၂ မိနစ်တွင်လည်းကောင်း၊ ကမ္ဘောဇ ဘုန်းကြီးကျောင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို နံနက် ၉ နာရီ ၅ မိနစ်တွင်လည်းကောင်း TNLA တပ်မတော်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂) တပ်စခန်းတိုက်ပွဲအတွင်း၌ စစ် ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ သြဂုတ်လ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သရက်ချိုနှင့် တောင်ခမ်းရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ရေဖြူကံကျေးရွာ၌ အထိုင်ချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၄   ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း...