Pauk News

Pauk News

ပေါက်မြို့နယ်၊ ချောင်းကူး ပင်မဓာတ်အားခွဲ လျှပ်စစ်ရုံးနှင့် စစ်တပ်ကင်းပုန်းကို ရော့ကတ်၊ ဒရုန်းများ ဖြင့် တိုက်ခိုက်မှု ကပစ ၂၄ စက်ရုံ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်း၊ စစ်သားပျူစောထီးများ၏ လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၄

 

မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ပိုင်း ချောင်းကူး ပင်မဓာတ်အားခွဲလျှပ်စစ်ရုံးနှင့် စစ်တပ်ကင်း ပုန်းကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပကစ ၂၄ စစ်ရုံလုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း သွားကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၄ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ် အနောက်ပိုင်း ချောင်းကူးပင်းမဓာတ်အားခွဲ လျှပ်စစ်ရုံး နှင့် ကင်းပုန်းယူထားသည့် အကြမ်းဖက်စစ်သားများကို Drone ၄ စီး ဖြင့် 3 kg ဗုံးသီး ၆ လုံး၊ 1.8 kg ဗုံးသီး ၂ လုံး ၊ 800 gm ဗုံးသီး ၆ လုံး၊ 500 gm ဗုံးသီး ၂၄ လုံးနှင့် ရော့ကတ်ဖြင့် ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/ZegnVNJzZu0

ထို့သို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ စက်လက်နက်ပစ္စည်းထုတ်လုပ်မှု စက်ရုံ ကပစ ၂၄ အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ချောင်းကူး ပင်မဓာတ်အားခွဲ လျှပ်စစ်ရုံးအား မြိုင် ပကဖ နှင့် ပေါက် ပကဖ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပေါက်မြို့နယ်၊ ဆူးပုတ်ခုံရွာနှင့် သရက်တော့ရွာတို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ချောင်းကူးကျေးကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ် များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...