Natogyi News

Natogyi News

နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ၅ ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့်နေ အိမ်ပျက်စီး

 

D Day News

ဩဂုတ်လ ၂၂

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် စာ သင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဩဂုတ် ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ်ပျံဝဲပြီး တစ်ကြိမ်လျှင် ဗုံးသီး ၂ လုံး ကျဲချ သွားခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ပေါင်တွင် ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အ ပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီလောက်က လက်ဝဲ+မြင်းနီကို လေကြောင်းကနေ ဗုံးသီး ၃ ကြိမ် ချသွားတယ်၊ တစ် ကြိမ် ၂ လုံးကျဲချသွားတာ။ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ပေါင် ဗုံးစထိမှန်တယ်၊ အထက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပျက်စီးတယ်၊ နေအိမ်တွေကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူး” ဟုဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အလားတူ နွားထိုးကြီး မြို့နယ်၊ ကွမ်းအုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲပြီး ထပ်မံ၍ လေယာဉ်ပေါ်မှ စက်လက် ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကာ အသက် ၇၀ အရွယ် သံဃာတော်တစ်ပါး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။

 

ဩဂုတ်လ ၂၀ ရက်မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က တိုက်ပွဲမဖြစ်ပဲ အကြမ်းဖက် စစ်ကောင် စီက နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာအုပ်စု ကွမ်းအုံကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး စက်လက်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ရာ အသက် ၆၀ ကျော်နှင့် ၇၀ အရွယ် အဘိုး နှစ်ဦး သေဆုံးပြီး သက် တော် ၇၀ အရွယ် ဆရာတော်တစ်ပါးအပါအဝင် ပြည်သူ ၄ ဦးအပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ဘုန်းကြီးကျောင်း အတွင်းရှိ သိမ်နှင့်တန်ဆောင်း ပြိုကျပျက်စီးသွားပြီး နေအိမ်တစ်လုံး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

မိုးမိတ်မြို့နယ်တွင် TNLA နှင့် SSPP/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး TNLA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ မိုးမိတ်မြို့နယ်တွင် TNLA တပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပြီး TNLA...