Salingyi News

Salingyi News

ဆားလင်းကြီးမြို့ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်(ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force – ဒရုန်းတပ်ဖွဲ့မှ ထံမှ သိရသည်။

 

ဩဂုတ်လ ၂၀ ရက် နံနက် ၇ နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက် ခံ ရဲစခန်း< အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ထွေအုပ်ရုံးနှင့် ကံဦးဘုန်းကြီးတို့ကိုဒရုန်းဖြင့် ဗုံး သီး ၁၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာများအပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

https://youtu.be/ZqS5GMA–v0

“ထိခိုက်သေဆုံးမှုကတော့ များနိုင်တယ်၊ များလို့လည်း လေယာဉ်ပစ်ကူခေါ်တာနေမယ်၊ လေယာဉ် Mi 35 လာတော့လာတယ်။ လေယာဉ် လာတဲ့အချိန်မှာ ကျနော်တို့က နောက်ပြန်ဆုတ်လိုက်တာ ဆိုတော့ ပစ်တော့မသွားဘူး။ ထိခိုက်သေဆုံးမှု အရေအတွက်ကတော့ စုံစမ်းလို့ မရသေးပါဘူး” ဟု ယင်းမာပင် ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force – ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Drone တပ်ဖွဲ့ နှင့်အတူ ယင်းမာပင် ခရိုင် တပ်ရင်း ၁၄ / ၁၅ SSDF ဒရုန်းတို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပုသိမ် -မုံရွာလမ်းပေါ်သို့ ဝင်‌ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထိုးစစ်ဆင် စစ်ကြောင်းကို...