Bago News

Bago News

ပေါင်းတည်နှင့် ဖြူးမြို့နယ်တို့တွင် တစ်ပတ်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃၆ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၂၁

 

ပဲခူတိုင်း ၊‌ ပေါင်းတည်မြို့နယ်နှင့်ဖြူးမြို့နယ်တို့တွင် တစ်ပတ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၆ ဦးသေဆုံးပြီး ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသနှင့် အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာနှင့် သစ်ပုတ်ရွာကြားတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၄) ဦး သေဆုံးကာ (၆) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကိုပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (၃၆၀၁) တပ်ရင်း ဦးဆောင် သောတပ်ခွဲများပူးပေါင်းစစ်ကြောင်း၊ ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်မတော် (၃၆၀၂) တပ်ရင်း၊ ရွှေ တောင် (ပကဖ)ပူးပေါင်းစစ်ကြောင်း၊ (၃၈၀၁) တပ်ရင်းနှင့် နတ်စစ်သည် စစ်ကြောင်းတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဩဂုတ်လ ၁၉ရက်နေ့ကလည်း ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်စစ် ကြောင်း ဝင်ရောက်တပ်စွဲစဉ် ဖြူးပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း (၁) Drone Team အဖွဲ့များ က တပ်စွဲထားရာနေရာများသို့ ဒရုန်းဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က ဖြူးမြို့နယ် လိပ်ပေါကျေးရွာနှင့် စက် ကုန်းကျေးရွာကြားသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင် အားစုများက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်က အရာရှိ ၁ ဦးအပါဝင် ၁၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် လာရောက်သယ်ထုတ် သွား ကြောင်း ၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ ကျည်အချို့နှင့်ကျောပိုးအိတ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ်(ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့၊ ဖြူးမြို့နယ်(ပ.က.ဖ) Droneအဖွဲ့၊ ဒေါင်းဖြူစစ်ကြောင်း Droneအဖွဲ့၊ အာဠာဝကစစ်ကြောင်းနှင့် တပ်မဟာ(၃)၊ ရင်း(၈) KNLA တော် လှန် ရေးအင်အားစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ် လိပ်ပေါကျေးရွာ ဘုန်းကြီးကျောင်း၌ ပြည်သူများ အား ဖမ်းဆီးခေါ်ဆောင်ထားပြီး ကတုတ်ကျင်းများတူးကာ စခန်းချနေ ထိုင်လျက်ရှိကြောင်း သိရ သည်။

 

အလားတူ ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တောင်းဘက်မှ ကျိုက်ထိုဘက်သို့ ထွက်လာသော စစ်ကောင်စီ မော်တော်ယာဥ်နှစ်စီးကို KNLA/(PDF)သူရိယစစ်ကြောင်းနှင့် ကျိုက်ထို ပကဖ အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မော်တော်ယာဥ်တစ်စီး မီးလောင်ပျက်စီးပြီးပါပေါ်ပါ စစ်ကောင် စီ တပ်သား ၃ ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးမှ ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး...