Kawkarate News

Kawkarate News

ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး

 

D Day News

ဧပြီလ ၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တပ်များကို   ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF လက်အောက်ခံ ကျားဖြူ စစ်ကြောင်း Sniper တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ပြည်သူ့နေအိမ်များပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

 

ကော့ကရိတ်မြို့တိုက်ပွဲသည် ၄ လကျော်ကြာမြင့်လာပြီဖြစ်ပြီး KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ကော့ ကရိတ်မြို့ကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားပြီး မြို့၏ ထွက်ပေါက်အားလုံးကို လည်း ပိတ်ဆို့ထား ပြီဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့်ကော့ကရိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင် သမျှ ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တားမြစ်ထားသော နေရာကို ဖြတ် သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...