Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို သိမ်းပိုက်မှု ၅ ဦးသေဆုံးပြီး ၂ ဦးအလံဖြူထောင် လက်နက်ချ၊ ဒရုန်းပစ်လက်နက် ၁ လက်အပါအဝင် လက်နက် ၈ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ကာ ဒရုန်းပစ်လက်နက် ၁ လက် အပါအဝင် လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီအချိန် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၂ ဦးအလံဖြူထောင် လက် နက်ချကာ ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် G3 အမျိုးအစားသေနတ် ၂ လက်၊ BA 94 အမျိုးအစား သေနတ် ၄ လက် ၊ MA13 အမျိုး အစား သေနတ်၁ လတ် ၊ ဒရုန်းပစ်သေနတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ မိုင်းအမျိုးမျိုး ၊ ငွေသား သိန်း ၆၀ ကျော်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

 

ဆက်လက်၍ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား အကြွင်းအကျန်များကို လိုက် လံချေမှုန်းတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ် လေကြောင်းပစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ( တပ်ပေါင်းစု) ၊ FRF တပ်ဖွဲ ၊ BGF တပ်ဖွဲ့ ၊ ပကဖ တပ်ပေါင်းစု အမှတ် (၁) တပ်ရင်း ၊ ကမ္မတပ်ပေါင်းစုတို့ အတူတကွ ညီညီညွှတ်ညွှတ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းပျက်စီးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာရှိ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီး...