Tadaoo News

Tadaoo News

တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်သားများအားလုံး စခန်းစွန့်ခွာ ထွက်ပြေး၊ စခန်းအတွင်းဝင်ရောက်ရှင်းလင်းပြီး စခန်းရှေ့အလံတိုင်၌ PDF အလံလွှင့်တင်(ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၁

 

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းမှ စစ်သားများလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး စခန်းအတွင်းဝင်ရောက်ရှင်းလင်းကာ စခန်းရှေ့အလံတိုင်၌ PDF အလံလွှင့်တင်ခဲ့ကြောင်း တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တံတားဦးမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများ အကြားရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ က ချဉ်းကပ်နေရာယူပြီး စခန်းတွင်းအခြေ အနေ ကို စောင့်ကြည့်ခဲ့ကြောင်း၊ အချိန် ၁ နာရီကျော်ကြာအောင် စောင့်ကြည့်ခဲ့ပြီး ထူးခြားမှုမရှိ သဖြင့် မွန်းလွဲ ၂ နာရီအချိန်တွင် တော်လှန်ရေးရဲဘော်များက စစ်ကြောင်းများခွဲကာ တပ်စခန်းကို စီးနင်း ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်စီးနင်းစဉ် မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ် စခန်းအတွင်း၌ အစောင့် တပ် သား ၄ ဦးနှင့် ၅ ဦးမျှသာ ချန်ထားရစ်ပြီး စခန်းကို စွန့်ခွာသွားကြောင်း၊ ယင်း အစောင့်တပ်သား အနည်းငယ်မှာလည်း တော်လှန်ရေး အင်အားစုများ ချဉ်း ကပ်မလာမီကပင် ၎င်းတို့၏တပ်စခန်းကို စွန့်ခွာကာ ထွက်ပြေးသွားကြသဖြင့် ကျည်အသုံးပြုမှုမရှိဘဲ စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်းနိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတွင်းသို့ စီးနင်းဝင်ရောက်ပြီးချိန်တွင် တပ်အတွင်းမှ ဆန်နှင့် စားနပ်ရိက္ခာ အချို့၊ စစ်အသုံးအဆောင် အဝတ်အစားအဟောင်း အချို့ကိုသာ တွေ့ရှိ သိမ်း ဆည်းနိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ကာ စခန်းရှေ့ရှိ အလံတိုင် တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်တင်၍ ပြန်လည်ဆုတ်ခွာခဲ့ ကြောင်း သိရသည်။

 

“စခတွေက ပြေးသွားတယ်။ ရိက္ခာတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျည်လေး ၂၀၀ လောက် တော့ သိမ်းဆည်းရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောကြား သည်။

 

အဆိုပါ စစ်ဆင်ရေးကို တံတားဦးမြို့နယ် ပကဖနှင့်အတူ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ ဒရုန်း တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...