Poem

Poem

ကဗျာကဏ္ဍ “အမုန်း”

 

ပျိုးကြဲလက်

 

ရှေးတပ်တော် အောင်လံဝင့်လို့

သိက္ခာမြင့် ဂုဏ်အင်

စိတ်မှာဖြင့် သွေးနထင်

ဆေးမမြင် ရက်စက် ။

 

နေ့စဉ်မြဲ ဆိုသစ္စာကို

ဖြိုပစ်ခွါ မေ့တဲ့လူပျက် ။

 

ပြည်သူကို အကြမ်းဖက်လို့

အလှမ်းခက် ကြောက်ကန် ။

 

ဘေးကင်းဖို့ သတ်နေပြန်တယ်

အဖြေမှန် ဟုတ်ဘူးကွဲ့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက်အစောပိုင်း ၂ နာရီ ၁၈ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...