Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောင်းနှင့်ဘုရားတောင် ပေါ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ နေထိုင်ရာ စီမံကိန်းဟောင်းနေရာနှင့် ဘုရားတောင်ပေါ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောာင်းနေရာကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီးတစ်ဦး ဇနီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“တပ်စွဲထားတဲ့ စစ်ခွေးအင်အားကတော့ ခန့်မှန်းမရဘူးဗျ၊ စီမံကိန်းဟောာင်းဆိုတာ အဆောက်အအုံ တစ်ခုပါပဲ၊ အဲဒီနေရာမှာ စစ်ခွေးတွေရော ၊ ပျူစောထီးတွေရောပေါင်းနေကြတာ၊ ပျူစောထီးလင်မ ယားတွေလည်းရှိတယ်၊ လင်ဖြစ်တဲ့ပျူစောထီးက မထိပဲ သူမိန်းမကိုထိတာ၊ စစ်ခွေးရော၊ ပျူစောထီး မိန်းမရော မသေသေးဘူး၊ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နဲ့ ၂၉ ရက်နေ့က ဗုံးကျဲခဲ့တာက ၃ ကောင်သေ တယ်” ဟု နွေဦး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ည ၈ နာရီခွဲခန့်က ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီး စခန်းကို တစ်ကြိမ်၊ မတ်လ ၂၉ ရက် ည ၇ နာရီ ၁၈ မိနစ်ခန့်က အကြမ်းဖက်စစ်သားများ ခိုလှုံရာ ဘုရားတောင်ပေါ်သို့ တစ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Nway Oo Guerilla Force – နွေဦးပြောက်ကျား Drone အဖွဲ့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရမ်းသမ်းပစ်ခတ်မှုရှိမှုရှိခဲ့သော်လည်း တော်လှန် ရေးတပ်ဖွဲ့ဝင် ရဲဘော်များ၊ မိဘပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများက အချိန်မရွေးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လာနိုင်သည့်အတွက် မိဘ ပြည်သူများ အနေဖြင့် လုံခြုံရေးအထူးဂရုစိုက်နေထိုင်ပေးကြပါရန် နွေဦးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...