Than Phyu Zayat News

Than Phyu Zayat News

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်အနီးရောက်ရှိသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၇ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၂၀

 

ထို့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်ဘုန်းကြီးကျောင်းအနီး၌ ယယီခေတ္တနား နေသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၈ ရက်နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်း အနီး၌ ခေတ္တနားနေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ် ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ရှိ တောင်ညိုစစ်ကြောင်း(P29906) နှင့် KNLA တပ်ရင်း ၂၇တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

MNDAA နှင့် SSPP/SSA တို့ကြားဖြစ်ပွားခဲ့သည့် ပြသနာများကို တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဖြစ်ပွားခဲ့သည့်...