Belin News

Belin News

ဘီးလင်းမြို့နယ်တွင် အတင်းအဓမ္မစစ်သားစုဆောင်းရန် စာရင်းကောက်နေသူ ကျော်ကျော် ပစ်ခတ်ခံ ရပြီး သေဆုံး

 

D Day News

ဧပြီလ ၄

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အတင်းအဓမ္မစစ်သား စုဆောင်းရန် စာရင်းကောက်နေသူ ကျော်ကျော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ် ချုပ်ရေးမှူး ရုံးအကူ ကျော်ကျော်ကို ဦးစန်းမောင်ဆီဆိုင်ရှေ့၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲ ချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ကျော်ကျော်သည် တောင်စွန်းအုပ်ချုပ်ရေးမှူးထက် ပိုမိုအရေးပါကာ အကြမ်းဖက်စစ် ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် စစ်ကောင်စီမှ ကျင်းပသော အစည်းအဝေးများကို အုပ်ချုပ်ရေးမှူးကိုယ်စား တက်ရောက်လေ့ရှိပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို တောင်စွန်း ဇုတ်သုတ် အစရှိသည့် ကျေးရွာများတွင် အဓိက အကောင်အထည်ဖော်နေသူဖြစ်ကြောင်း၊ စစ်မှုထမ်း ရန်အတွက် လူငယ်များကို စာရင်းလိုက်လံ ကောက်ခံ စုဆောင်းနေကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ အာဏာသက်ဆိုးရှည်စေရေး ထောက်ပံ့နေသဖြင့် ၎င်းကိုစစ်ရေးပစ် မှတ်အဖြစ်သတ်ကာ ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF နှင့် ကျိုက်ထို ပကဖ တို့ ပူးပေါင်း ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် ပြု လုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...