Magway News

Magway News

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော အကြမ်းဖက်စစ်သား ၆ ဦးကို အရှင်ဖမ်းမိ

 

D Day News

ဧပြီလ ၃

 

ရခိုင်ပြည်နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့ထံက သိရသည်။

 

ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တဆင့် ထွက်ပြေးလာသော ခမရ ၃၄၆ မှ တပ်သား ၄ ဦးကိုလည်းကောင်း၊ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ တတက ၉ မှ တဆင့် ထွက်ပြေးလာသော ခလရ ၆၃ မှ တပ်သား ၂ ဦးကို လည်းကောင်း ဖမ်းဆီးရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှုံးနေသော အကြမ်းဖက်စစ်သားများသည် မကွေး တိုင်းနှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးမှုများရှိကြောင်း သိရသည်။

 

PRA (Magway) တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်ဒေသ အချို့ တွင် ရင်ဆိုင် တိုက်ပွဲဝင်လျက်ရှိပြီး စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်အဖြစ် သတ် မှတ်ထား ပြီးဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အခြေစိုက်သော စစ်ကောင်စီ လက်အောက်ခံ အခြေစိုက် တပ်ရင်း များ၊ ကင်းစခန်းများ၊ ဂိတ်များမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း တော်လှန် ရေး အင်အားစု များထံ ပူးပေါင်းရန်ကြရန်နှင့် စစ်ကောင်စီ၏ယန္တရားကို လည်ပတ်ပေးနေသည့် ဌာန ဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများလည်း နှုတ်ထွက် ကြ ရန် People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့က တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...