MBT News

MBT News

ရေစကြိုမြို့ထွေအုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၃

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၅ နာရီခန့်က ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြောက်ကျားနည်းဗျူဟာဖြင့် ၄၀ မမ ဖြင့် ဗုံးသီး ၂ လုံးသွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးအတွင်းရှိ အကြမ်းဖက်စစ်သားများ နားနေရာ အဆောက် အအုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/kBpOJ2Bqjlk

“ပစ်တာကတော့ ၂ လုံးပစ်တာ၊ တစ်လုံးပဲ ကျည်ထွက်ပြီးကွဲခဲ့တာ၊ အဲဒီကျည်ကပဲ စစ်ခွေး ၂ ကောင် ကို ထိတာ၊ နောက်ကျည်တစ်လုံးက မထွက်ဘူး၊ ခွေးတွေဘက်က ၆၀ မမနဲ့ ၄ ချက်ပြန်ပစ်တယ်၊ ခွေးတွေ ပစ်တဲ့ကျည်ထိပြီး ပြည်သူယောက်ျားလေးတစ်ဦး ဒဏ်ရာရတယ်၊ ကျနော်တို့ ကမ်ပိန်းက လည်း ၅ ရာခိုင်နှုန်းတောင်မရသေးဘူး၊ ပြည်သူတွေပင်ပန်းနေလို့ပဲလား၊ သင်္ကြန်နားနီးလို့ပဲလား မသိဘူး၊ ကမ်ပိန်းရရှိမှုက နည်းနေသေးတဲ့အတွက် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို   Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် YSO-TPG ပြောက်ကြားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Myingyan Black Tiger MBT တပ်ဖွဲ့အနေဖြင့်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းများကိုထိုးဖောက် ဝင်ရောက်တိုက်ခိုက်နိုင်ရန် “မြိုပြဆီသို့” ကမ်ပိန်းပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်း ဝန်းပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ...