Myeik PDF News

Myeik PDF News

တနင်္သာရီ၊ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁၊ ညောင်ပင်ကွင်းတံတားနှင့် ခမရ ၅၅၈ တပ်ရင်းတို့ တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခမရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး
ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူတစ်ဦးက D Day News သတင်းဌာနထံသို့ ပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းခ.မ.ရ (၅၆၁) နှင့် စစ်ကောင်စီတပ်သားများရှိရာ ညောင်ပင်ကွင်းတံတားကို မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ် ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/jQSxtz2oBgg

“ထိခိုက်သေဆုံးမှုကတော့ရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးပါဘူး၊ စခတွေဘက်က ပစ်တဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိခဲ့ပါတယ်၊ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိသလို ပြည်သူတွေလည်း ထိခိုက်မှုမရှိပါဘူး” ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း – ၁ မှ တာဝန်ရှိသူတစ်ဦးက D Day News သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ တနင်္သာရီမြို့နယ်၊ ကမ်းပလိုင်းရွာ အခြေစိုက် ခမရ ၅၅၈ တပ်ရင်းအနီးရှိ အကြမ်းဖက်စစ် သားများနေထိုင်ရာ နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ ထံမှ သိရသည်။

 

ဧပြီလ ၁ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ ကမ်းပလိုင်းရွာ အခြေစိုက် ၅၅၈ တပ်ရင်းအနီးရှိ အ ကြမ်းဖက်စစ်သားများရှိရာ နေရာကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ADF ဒရုန်းအဖွဲ့ မှ ဒရုန်းဖြင့် ဗုံးသီး သုံးကြိမ်ကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...