TNLA News

TNLA News

နောင်ချိုနှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ၊ စစ်တပ်က ထောက်ပို့လေယာဉ်ဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော်ကြဲချ

 

D Day News

ဩဂုတ်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါ်မြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က ထောက်ပို့‌လေယာဉ် ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၄၈) ရက်မြောက်နေ့တွင် တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတော ကျေးရွာတွင် တအာင်းတပ်မ တော် TNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ တောင်ခမ်းရွာ၌ အမြောက်တပ် (၉၀၂) တပ်နှင့်သော်လည်းကောင်း၊ မက်မန်းတောရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်းစစ် ဌာနချုပ် လက်အောက်ခံ ခမရ (၃၂၅) တပ်နှင့် သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျတ်ဖိုက်တာဖြင့် (၃)ကြိမ်နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် (၃) ကြိမ် ဗုံးသီး အလုံး (၂၀) လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ (၂) နယ်မြေ သီပေါမြို့ ခလရ (၂၃) တပ်စခန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၂) ကြိမ် ဗုံးသီး (၈၅) လုံး ကြဲချသည့်အပြင် ၎င်းတပ်ဖွဲ့ဝင်များအတွက် Y-12 လေယာဉ်ဖြင့် (၅) ကြိမ် ထောက်ပို့ပစ္စည်းများ လာရောက်ကြဲချပေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...