Myinmu News

Myinmu News

မြင်းမူမြို့အဝင် တိုးဂိတ်အနီးတွင် စစ်သင်တန်းဆင်းများနှင့်စစ်သားများလိုက်ပါလာသည့် ယာဉ်တန်း ကို တိုက်ခိုက်မှု ကားတိမ်းမှောက်ကာ စစ်သား ၁၈ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်တိုးဂိတ်အနီးတွင် စစ်သင်တန်းဆင်းများနှင့်အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ကားတိမ်းမှောက်သွားပြီး စစ်သား ၁၈ ဦးသေဆုံးခဲ့ ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။

 

ဩဂုတ်လ ၉ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်က မုံရွာမြို့မှ အခြေခံစစ်သင်တန်းဆင်း စစ်သား များနှင့် အကြမ်းဖက်စစ်သား အများအပြားလိုက်ပါလာသည့် မှန်လုံကား ၂ စီး၊ အန်စာတုံးကား ၁ စီး၊ သံပြားကာကား ၁ စီး တို့ကို မြင်းမူမြို့အဝင် တိုးဂိတ်အနီး အရောက် စစ်သားအများအပြား လိုက်ပါ လာသည့် မှန်လုံယာဉ်အား အဓိကပစ်မှတ်ထား၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား မှာ လမ်းဘေးသို့ ထိုးကျတိမ်း မှောက်သွားကြောင်း သိရသည်။

https://youtu.be/OxbtGmOzd14

ထိုသို့ ကားတိမ်းမှောက်အတွင်း အကြမ်းဖက်စစ်သား ၁၈ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိကာ ကျန်ကားပေါ်ပါ အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ မစိုးရိမ်ဒဏ်ရာ အနည်းငယ်သာ ရရှိ ခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုစစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu (DK-PDF MMU)၊ Moe Nyo Revolution Force – MNRF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...