IEC News

IEC News

ဟန်ချက်ညီတပ်ပေါင်းစုအသွင်ဖြင့် စစ်အာဏာရှင်ကို မြန်မြန်နိဂုံးချုပ်ပေးလိုက်ကြရအောင်ဟု IEC ဥက္ကဌ ခူဦးရယ်ပြော (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၁

 

ဟန်ချက်ညီတပ်ပေါင်းစုအသွင်ဖြင့် စစ်အာဏာရှင်ကို မြန်မြန်နိဂုံးချုပ်အဆုံးသတ်ပေးလိုက်ကြရ အောင်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်က ပြောကြားသည်။

 

ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူသို့ အောင်စကား” ဝိုင်းအစီအစဉ်တွင် ရုပ်သံ Video ပေးပို့ပြီး ပြောကြား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် နောက်ဆုံးအထွဋ်အထိပ်ရောရှိနေတဲ့ ကာလလည်းဖြစ် ပါ တယ်။ ကျနော်တို့တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့ အသီးသီးတာ ထွက်ရင်းစတင် ချမှတ် ထားတဲ့ ရေတို ၊ ရေလတ်၊ ရေရှည်လုပ်ငန်း အားလုံးကို ပြန့်ကျဲနေတဲ့ စွမ်းအား၊ ဥာဏအားလုံးကို ကျစ်လစ်သိပ်သည်းပြီး ဟန်ချက်ညီတဲ့ တပ်ပေါင်းစုအသွင်အတူတကွ နိဂုံးချုပ် ချပ်ပေးလိုက်ကြရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အချက်ကို ကျနော့်အနေနဲ့အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။” ဟု IEC ဥက္ကဌ ခူဦးရယ်က ပြောကြားသည်။

https://youtu.be/-XbOVJN8yCI

စစ်ပွဲကြာရှည်လာသည်နှင့်အမျှ မျိုးဆက်သစ်လူများအတွက် အန္တရာယ်အလွန်များပြားပြီး ထိခိုက်နစ် နာဆုံးရှုံးမှုကြီးမားလားနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ကျောသား၊ ရင်သား မခွဲခြားပဲ ညီညွတ်စွာ တိုက်ခိုက်ရန် လိုအပ်ကြောင်း၊ နောက်ဆက်တွဲဖြစ်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း လူမျိုးစုများအားလုံးက အမျှော်အမြင်ရှိရှိဖြင့် ဆွေးနွေးတိုင်ပင်ကာ ဖြေရှင်း ရန်လိုအပ်ကြောင်း အသိပေးထားသည်။

 

စုံလင်ကွဲပြားတဲ့စံတန်ဖိုးများနဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းပြည်ကိုတည်ဆောက်ရာမှာ ပြည်တွင်း ကဏ္ဍ အရေးကြီးသလိုပဲ ပြည်ပနိုင်ငံတကာများရဲ့ ဆက်ဆံမှုများကလည်း အရေးပါတာမို့ မိမိတို့ ပထ ဝီ အနေအထားအရဘက်စုံထောင့်စုံက တွေးခေါ်မျှော်မြင်စီမံနိုင်မှသာ စစ်ဘေးရဲ့ ရိုက်ခတ်မှုတွေ ကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။” ဟု ခူဦးရယ်ကပြောဆိုသည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး ဘုံသဘောတူညီချက်နှင့်အညီ ဆွေးနွေးညှိုနှိုင်းတိုင်ပင်ကြီး အလုပ် လုပ်ကိုင်နေကြောင်း ဆက်လက်အသိပေးထားသည်။

 

“ပြည်သူလူထုတစ်ရပ်လုံးက အားပေးထောက်ခံမှုအပြည့်အဝရရှိတုန်း၊ အခွင့်အခါတုန်းမှာ အားအင်စု များအားလုံး အတူတကွ ပန်းတိုင်ရောက်အောင်ချီတက်တိုက်ပွဲဝင်ပြီး စနစ်ဆိုးနဲ့ ခေတ်ဆိုးကို နိဂုံး ချုပ် အဆုံးသတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊ အာဏာရှင်မှန်သမျှ အဆုံးသတ်ရမယ်။” ဟု ခူဦးရယ် ကပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...