Thabaik Kyin News

Thabaik Kyin News

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအခြေပြု စစ်တပ်စခန်း ၅ ခုကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်တပ် ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတစ်ခုသာ ကျန်ရှိ

 

D Day News

ဩဂုတ်လ ၁၀

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအခြေပြု အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံး တပ်တစ်ခုသာ ကျန်ရှိတော့ ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်၌ စစ်ဆင်ရေးများကို ဖော် ဆောင်လျက်ရှိရာယခုအခါ သပိတ်ကျင်းမြို့နယ်အတွင်း၌ ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၉ ရက် ညပိုင်းက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထား သော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

 

ယမန်နေ့ ဩဂုတ်လ ၉ ရက် ည ၅ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ မန္တလေး -မိုးကုတ်လမ်းမ ပေါ် ကျောက်လှည်းဘီးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ခလရ ၁၄၈ ကို TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက် ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ခဲ့သည်။

 

ထို့ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကင်းစင်နယ်မြေဖြစ်လာရန် အမှတ် ၁ သုတေသနတပ်ရင်း၊ အမှတ် ၂၀ စစ်ဆေးရုံ ကုတင် ၁၀၀ ၊ အမှတ် ၁၃ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက – ၁၃) ၊ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ – ၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ မှပေါက်မြို့နယ်သို့ ဦးတည်ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုများပြားနေပြီး တရွေ့ရွေ့ချီတက်နေ၊ မြိုင်စီမံကိန်းရုံးကို သိမ်းပိုက်မှု စစ်သား ၁၂ ဦး အရှင်မိ

ပခုက္ကူတပ်မ ၁၀၁ မှပေါက်မြို့နယ်သို့ ဦးတည်ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုများပြားနေပြီး တရွေ့ရွေ့ချီတက်နေ၊ မြိုင်စီမံကိန်းရုံးကို သိမ်းပိုက်မှု စစ်သား ၁၂ ဦး အရှင်မိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပေါက်မြို့နယ်သို့ ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေပြီး တရွေ့ရွေ့ချီတက်နေကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။ မေလ ၂၇ ရက်နေ့မှစ၍ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့ဘက်သို့ ဦးတည်ထွက်ခွာ လာ...