Monywa News

Monywa News

မုံရွာမြို့နယ်တွင် တွဲကား ၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ကားမောင်းသမား အပါအဝင် ၅ ဦး ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် မအူကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်ယာဉ်တန်း ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသမားအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်က မန္တလေးဘက်မှအ ကြမ်းဖက်စစ်သား များ တင်ဆောင်ပြီး မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၇ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တွဲကားဦးခေါင်းပိုင်း ထိခိုက် ပျက်စီးပြီး ထိုးရပ်သွားကာ ကားသမားအပါအဝင် စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

https://youtu.be/gbSZ9BkU9EE

“အသေအပျောက်ကတော့ မသိရသေးဘူးူ။ ကားသမားအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရ တယ်။ ကားခေါင်းက စုတ်ပြတ်သတ်သွားတာ။ ကားထိုးရပ်သွားပြီး မိနစ် ၂၀ လောက်ကြာတော့ မုံရွာ မြို့ထဲကနေ စခတွေရောက်လာပါတယ်။ ပြီးတော့ သူတို့ကားအချင်းချင်းဆွဲယူသွားပါတယ်” ဟု ဘာ မထီတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖကသတင်းထုတ်ပြန် သည်။ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က...