NUG News

NUG News

ပင်လယ်ဘူးမြို့တွင် ဒဏ်ရာရလူနာတင်ခြင်း၊ ပစ္စည်းချခြင်း လုပ်ဆောင်နေသည့် Mi 17 ထောက်ပို့ ရဟတ်ယာဉ်ကို ဗုံးကြဲတိုက်ခိုက်မှု အရာရှိအပါအဝင် ၇ ဦးသေဆုံး၊ လေယာဉ်အရေးပေါ်တံခါးနှင့် အမြီးပိုင်းပျက်စီး

 

D Day News

ဩဂုတ်လ ၉

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့တွင် ဒဏ်ရာရလူနာတင်ခြင်း၊ ပစ္စည်းချခြင်း လုပ် ဆောင်နေသည့် စစ်တပ် ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရာရှိအပါအ ဝင် ၇ ဦးသေဆုံးပြီး လေယာဉ် အရေးပေါ်တံတားနှင့်အမြီးပိုင်းပျက်စီးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၆ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ပင်လည်ဘူးမြို့၌ အကြမ်းဖက်စစ်တပ်က Mi-17 ထောက်ပို့ရဟတ် ယာဥ်ဖြင့် မြေပြင်၌ ပစ္စည်းချခြင်းနှင့် ထိခိုက်ဒဏ်ရာရ ရန်သူ့တပ်သားများကို တင်ဆောင်နေစဥ် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဥ်၏ အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါး ပေါက်အနီးသို့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်တပ်၏ ဘီလူးစစ်ကြောင်းမှ အရာရှိ အပါ အဝင် (၇) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရဟတ်ယာဥ်မှူးတဦး အပါအဝင် (၁၇) ဦး အပြင်းအထန် ထိခိုက်ဒဏ် ရာရပြီး အခြား ထိ ခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ကြောင်း၊  Mi-17 ထောက်ပို့ရဟတ်ယာဥ်လည်း ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။

 

ထိခိုက်ပျက်စီးသွားသော Mi-17 ထောက်ပို့ရဟတ်ယာဉ်မှ ပြုတ်ကျကျန်ရစ်သော အရေးပေါ် တံခါး ပေါက်ကိုလည်း PDF တပ်ဖွဲ့မှ သိမ်းဆည်းရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က  ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို...