Yesagyo News

Yesagyo News

ရေစကြိုမြို့ ကျောက်လှေခါးရွာ စစ်တပ်အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဩဂုတ်လ ၉

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာ ကားလမ်းပေါ်တွင် အထိုင်ကျ တပ်စွဲကာ စစ်ဆေးရေးဂိတ်စခန်းဖွင့်ထားသည့် အကြမ်းဖက်စစ်သား များကို Southern YSO PDF ဦးဆောင်ပြီး မဟာမိတ်အဖွဲ့ဖြင့် ၆၀ မမ လက်နက်ကြီး၊ စက်လတ်၊ စက်ကလေးများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း လက်နက်ကြီးကျည် ၃ လုံး တိုက် ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်းသိရသည်။

“ပထမ လက်နက်ကြီးတစ်လုံးပစ်တော့ သူတို့ဂိတ်အထဲထဲကို တည့်တည့်ကျသွားတာ၊ အဲဒီအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ နောက်ထပ် ဒုတိယအလုံးနဲ့ တတိယအလုံး ထပ်ပစ်တဲ့အချိန်မှာ ဘာမှကို ပြန်မပစ်နိုင်တော့ဘူး။ ပြီးတော့မနေ့က မနက် ၈ နာရီခွဲလောက်ကျ တော့ ဂိတ်စခန်းနားမှာ ကောက်မရတဲ့ အလောင်းတွေကို မီးရှို့တယ်။ သေဆုံးမှုကတော့ ရှိပါတယ်။ အတိအကျသာ မသိရတာ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ပြော ကြားသည်။

 

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းသည် ဩဂုတ်လ ၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ယင်းအကြမ်းဖက် စစ်တပ် ဂိတ်အတွင်းရှိ စစ်သားများက မူရူးသောက်စားကာ ထန်းငယ်တောကျေးရွာဘက်သို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အ တွင်းရှိ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံး ပြီး နေအိမ် ၅ လုံးပျက်စီး

မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံး ပြီး နေအိမ် ၅ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မန္တလေးတိုင်း၊ TNLA ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံးပြီးခဲ့နေအိမ် ၅ လုံး ပျက်စီး ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့...