NUG News

NUG News

တော်လှန်ရေးမြန်မြန်အဆုံးသတ်ရန် အားကုန်ရုန်းကြမည်ဟု သန္နိဌာန်ချထားကြောင်း မန်းဝင်း ခိုင်သန်းပြော (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၈

 

တော်လှန်ရေးမြန်မြန်အဆုံးသတ်ရန် အားကုန်းရုန်းကြမည်ဟု သန္နိဌာန်ချထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ကျရောက်သော “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” အဖွင့်အမှာ စကားပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၁၉၈၈ မှစ၍ အစတည်ခဲ့သော တော်လှန်‌ရေးစိတ်ဓါတ်၊ ခံယူချက်များနှင့် အနှစ်သာရများကို လက် ဆင့်ကမ်းလာခဲ့သည့် တော်လှန်ရေးကြီးသည် ယနေ့ ကာလတွင် သမိုင်းတစ်လျှောက် တော်လှန်ရေး အားအကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် မဟာမိတ်စုဖွဲ့မှုအပိုင်းတွင်လည်း သမိုင်း တစ်လျှောက် စုစည်းညီညွတ်မှုအရှိဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး အတူတကွ အသက် စွန့်ကာ လက်ချင်းချိတ် တိုက်ပွဲဝင်ကြသည့် မဟာမိတ်စုဖွဲ့မှုမျိုး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက‌ ပြောကြားသည်။

https://youtu.be/_3ZIgVwbQKY

“လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ နိုင်ငံရေးအသိကလည်း အံ့သြလောက်အောင် မြင့်မားလာတာဖြစ်လို့ ၃ နှစ် ခွဲနီးပါးကြာမြင့်တဲ့အထိ တော်လှန်ရေးအပေါ် ထောက်ခံစိတ် နည်းနည်းကလေးမှ ကျဆင်း မ သွား တာကို လည်း တွေ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှု တွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထု ကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တဖက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိပါတယ်။ အခုဆိုရင် သမိုင်း တွင်မယ့်အောင်ပွဲကြီးတွေ ဆက်တိုက် ရရှိနေပြီး အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အနိမ့်ပါးဆုံး အ ချိန်နဲ့ အင်အားအနည်းဆုံး အခြေအနေကို ရောက်ရှိပြီဆိုတာကိုလည်း အားလုံးသိရှိပြီး ဖြစ်မယ်ထင် ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

ထို့ကြောင့် ၁၉၈၈ အရေးတော်ပုံကြီး အပါအဝင် တော်လှန်ရေးအဆက်ဆက် ဒီမိုကရေစီ၊ ဖက်ဒရယ် နှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော သူရဲကောင်းရဲဘော်များ မျှော်လင့်ခဲ့ သည့် အောင်ပွဲသည် တစထက်တစ ပိုမိုနီးကပ်လာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့်အတူ မဟာမိတ် အင်အားများအားလုံးဖြင့် လက်တွဲညီညီ ချိတ်ဆက်ကာ စစ် အာဏာရှင်ကို အမြစ်ပြတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်း ကျောင်းထဲသို့ စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန် ကြားရေး ဌာနက ထုတ်ပြန်သည်။ ဇူလိုင်လ ၃၁ ရက်...