Danu News

Danu News

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံးပြီး ၈ ဦးအရှင်းဖမ်းမိ၊ လက်နက် ၁၉ လက် သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLF/DPLA ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်အချိန်က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLF/DPLA) အခြေစိုက်လှုပ်ရှားရာ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသဘက်သို့ အကြမ်းဖက် စစ် တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦး သေဆုံး ပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“စစ်ကြောင်းက တစ်ကြောင်းပဲ ထိုးလာတာပါ၊ အခုတော့ ပြန်ဆုတ်သွားပါပြီ၊ ကျနော်တို့ တပ်ဖွဲ့ဝင် ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော် – DPLF/DPLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   မကွေးတိုင်းအရှေ့ခြမ်း ပဲခူးရိုးမပေါ်သို့ နေပြည်တော်မှ တက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကား နှင့် လာကြိုသည့်ကားတို့ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ရဲ ၁၉ ဦးသေဆုံးခဲ့ကြောင်း...