Karenni News

Karenni News

ဘောလခဲမြို့အနီးရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက် စစ်သား ၆ ဦး သေဆုံးပြီး ၈၁ မမ စိန်ပြောာင်းအရှည် တစ်လက်ပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၈

 

ကရင်နီပြည်၊ ဘောလခဲမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းကင်းစခန်းတစ်ခုကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၈၁ မမ ပြောင်းရှည်တစ်လက်အပါအဝင် ခဲယမ်း သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကအတည်ပြုပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီခန့်က ဘောခလဲမြို့ဗျူဟာကုန်း ကာကင်းအဖြစ် ဘောလခဲ မြို့နှင့် နန်းဖဲကျေးရွာကြား ရေကျော်တံတားစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ကျန် စစ် သားအချို့ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ သိမ်းပိုက်ရရှိသော စခန်းအတွင်းမှ စစ်သား အလောင်းများနှင့် ၈၁ မမ ပြောင်းရှည် လက်နက်ကြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ၇ နာရီ ကျော်ကျော် ၈ နာရီ လောက်ပေါ့၊ အဲဒီအချိန်မှာ သိမ်းမိသွားပြီ။ အတည်ပြုလို့ ရပါတယ်။ လက်နက် က ၇ လက် ၈ လောက်ရတယ်၊ ၈၁ မမ ပြောင်းရှည်တစ်လက်ရတယ်လေ။ လက်နက်က ၇ လက် ၈ လက်ဆိုတော့ များမယ်ထင်တယ်၊ ဒါပေမယ့် ဒဏ်ရာရတာ တစ်ချို့တော့ ရှိမှာပေါ့လေ။ လက်ရှိတော့ ကလေးတွေက အဲဒီမှာပဲရှိနေသေးတယ်။ ဆက်တိုးမလားတော့ မသိ သေးဘူး။ ပစ္စည်းက မလုံလောက်လို့ ၊ ပစ္စည်းလုံလောက်ရင်တော့ ကျနော်တို့ပြည်နယ်က စကစ ရှင်းသွားလောက်ပြီ။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် စကခ ၂ လက်အောက်ခံတပ်ရင်းမှဖြစ်ပြီး ယခင်က မဲ့စလောင်း တောင်ကုန်း၌ အထိုင်ချထားသည့် စစ်ကောင်စီစစ်သားများဖြစ်ကြောင်း၊ မဲ့စလောင်းတောင်စခန်းကို ကရင်နီ တောင်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်စဉ်က ဆုတ်ခွာသွားသည့် စစ်သားများဖြစ်ပြီး ဘော လခဲစစ်ဗျူဟာကုန်းကို ကာကင်းစခန်းအဖြစ် တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magawy News

Magawy News

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲ ယမ်း အချို့ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၇   မကွေးတိုင်း ၊ ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး...