Monywa News

Monywa News

မုံရွာတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ထန်းလုံးမိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီး၌ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ထန်းလုံးမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၆ နာရီ ၅၁ မိနစ်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာပြီး မုံရွာတိုးဂိတ်အနီး၌ လမ်းသွားလမ်းလာပြည်သူများကို တားဆီး စစ်ဆေးကာ ဆက်ကြေးကောက် အနိုင်ကျင့်နေသော စစ်သားများကို အသင့်ပြင်ဆင်ထားသော ထန်း လုံးမိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၃၀ လောက်ရှိတယ်။ နေစဉ်လာပြီး လမ်းသွားလမ်းလာတွေကို တားဆီးအနိုင့်နေကျဖြစ် လို့ သူတို့ စုဖွဲ့တတ်တဲ့နေရာမှာ ကြိုတင်မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ သေဆုံးဒဏ်ရာရ စခတွေ ကို Jammer ကားနဲ့ မြပုလဲဂိတ်ကို ပြန်သယ်သွားတယ်လို့ သိရတယ်။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပေမယ့် ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ ဟု People’s Defence Force – South Monywa မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa နှင့် Youth Vigor Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
MNDAA News

MNDAA News

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ ပြည်သူများ၏ မိသားစုဝင်များကို MNDAA က ထောက်ပံ့ကြေးပေးအပ်   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကွက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ယင်းပြည်သူာများ...