MNDAA တပ်က စစ်ကောင်စီတပ်မိသားစု တစ်စုကို ခရီးစရိတ် ကျပ် ၅ သောင်းပေးကာ ပြန်လွှတ်ပေး (ရုပ်သံ)
D Day News
ဩဂုတ်လ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သား မိ သားစုဝင်များကို မိသားတ်စုလျှင် ခရီးစရိတ်ငွေကျပ် ၅ သောင်းပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်မိသားစုဝင်များကို နေ ရပ်သို့ပြန်နိုင်စေရန် မိသားစု တစ်စုလျှင် ငွေကျပ် ၅ သောင်းစီပေးအပ်ကာ မိသားစုဝင် ၃၈၀ ကျော်ကို ကားများဖြင့် ဘေးကင်းလုံခြုံရာနေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့ကာ ပြန်လွှတ်ပေးခြင်းဖြစ် ကြောင်း သိရသည်။
https://youtu.be/V2HS1f4fIpQ
MNDAA တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုများအပေါ် ကောင်းမွန်စွာ ဆက်ဆံနေ သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမူ MNDAA တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးကာ ဆေးရုံတက်လူနာများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ မင်းအောင် လှိုင်၏ မဟုတ်မမှန် သတင်းများဖြန့်နေခြင်းသည် ပထမအကြိမ်မဟုတ်တော့ပဲ အာဏာသိမ်းအဖွဲ့၏ ဂရုတစိုက်ဖန်တီးထားသော လိမ်ညာမှုများသည် နောက်ဆုံးတွင် အဖြေမှန်ပေါ်လွင်လာမည်ဖြစ် ကြောင်း MNDAA က ပြောဆိုသည်။
D Day News