Salingyi News

Salingyi News

ဝမ်ပေါင်ယန်စီကုမ္ပဏီမှ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၇

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပေါ်ရှိ ဝမ်ပေါင်ယန်စီကုမ္ပဏီမှ ကင်းပုန်းဝပ် ရန်ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၇ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းနယ်မြေ၊ ဝမ်ပေါင် ယန်စီကုမ္ပဏီရုံးခန်းမှ မုံရွာ -ပုသိမ်းပေါ်၌ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပို့ ပြည်သူများ၏ ကူညီလှူဒါန်း ပေးမှုများ လိုအပ်လျက်ရှိဖြင့် ဝိုင်း ဝန်း ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ရှား သွားလာကြရန် အသိပေးထားသည်။

Photo – Brother Defense Force တပ်ဖွဲ့ဝင်များ မိုင်းထုတ်လုပ်ပြင်ဆင်နေကြစဉ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၈ ဦး‌ သေဆုံးပြီး လက်နက် ၁ လက်နှင့် ကျည်ဆံများသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၆   မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လိုက်လံတိုက် ခိုက်ခဲ့ရာ စစ်သား...